top of page
Gita Nya.jpg

“ရန်ကုန်မြို့ပြညရဲ့ဂစ်တာသံများ”

 

ရန်ပုံငွေ ကံစမ်းမဲလက်မှတ်များ ဝယ်ယူနိုင်ပါပြီ။

 

ရန်ကုန်မြို့ရှိ တော်လှန်ရေးအဖွဲ့များအတွက် ရန်ပုံငွေအဖြစ် အသုံးပြုနိုင်ဖို့ ကိုကျော် ရဲ့ ဂစ်တာကို ကံစမ်းမဲဖောက်ပေးသွားမှာပါ။  ကံစမ်းမဲကို ဒီဇင်ဘာ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၀ ရက်နေ့အတွင်း ရောင်းချပေးသွားမှာဖြစ်ပြီးတော့ ဇန်နဝါရီ ၁ ရက်နေ့မှာ ပေါက်မဲနံပါတ်ကို ကြေငြာပေးသွားမှာဖြစ်ပါတယ်။ ကံစမ်းမဲတစ်စောင်အား ယူအက်စ်ဒေါ်လာ ၂၀ ကျသင့်မှာဖြစ်ပါတယ်။ မိမိဝယ်ယူသည့် နိုင်ငံအပေါ်မူတည်ပြီး စျေးအနည်းငယ်ကွာဟမှုရှိနိုင်ပါတယ်။

 

ဝယ်ယူလိုပါက Buy Tickets ကို နှိပ်ပြီး မိမိတည်ရှိနေသော နိုင်ငံအား ရွေးချယ်ပြီး ကိုယ်စားလှယ်ရှာဖွေဝယ်ယူနိုင်ပါတယ်။

 

“လုံးဝအုပ်ချုပ်၍မရစေရ” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ရန်ကုန်မြို့ရှိ တော်လှန်ရေးအဖွဲ့သားများနဲ့ တော်လှန်ပြည်သူများက စစ်ကောင်စီနဲ့ လက်ပါးစေများ မတရား ဖိနှိပ် ချုပ်ချယ် အကြမ်းဖက်နေတဲ့ကြားထဲမှ ဆက်လက်ပြီး တော်လှန် တိုက်ပွဲဝင်နေဆဲဖြစ်ပါတယ်။ ထိုသို့ ဆက်လက်တော်လှန်တိုက်ပွဲဝင်နိုင်ရန်အတွက် တော်လှန်လှုပ်ရှားမှု ကဏ္ဍမျိုးစုံမှာ ဘဏ္ဍာငွေ လိုအပ်ချက် များစွာရှိနေပါတယ်။ လိုအပ်နေတဲ့ ဘဏ္ဍာငွေကို တစ်စိတ်တစ်ပိုင်း ဖြည့်တင်းနိုင်ဖို့အတွက် ကံစမ်းမဲလက်မှတ်များ ဝယ်ယူကြဖို့ ကိုလဲ ကျွန်ုပ်တို့ တော်လှန်ရေးအဖွဲ့များမှ တိုက်တွန်းလိုက်ပါတယ်။

 

ကိုကျော့်အနေနဲ့ သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ ရန်ကုန်မြို့အတွက် ဒီဂစ်တာလေးကို ကံစမ်းမဲအဖြစ်ရောင်းချပြီး ကံစမ်းမဲလက်မှတ်ရောင်းရငွေအားလုံးကို မြေပြင်မှာ လှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေထံ ဝေမျှသွားမှာပါ။

 

ကံစမ်းမဲဖောက်ပေးသွားမယ့်ဂစ်တာလေးကတော့ ကိုကျော့်ရဲ့ တန်ဖိုးထား မြတ်နိုးရတဲ့ တစ်ခုတည်းသော ဂစ်တာလေးဖြစ်တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ မှာ ကိုကျော်က ဒီဂစ်တာလေးကို သူလေးစားအားကျခဲ့ရတဲ့ ဂီတပညာရှင်တွေဆီကနေ ဝယ်ယူခဲ့တာဖြစ်ပြီးတော့ ဒီဂစ်တာလေးနဲ့ပဲ ဂီတကို သင်ယူခဲ့ရင်း သူ့ရဲ့ တေးသီချင်းတွေကို ဖန်တီးရေးစပ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ ဒီဂီတာလေးနဲ့ “အေဘီစီဒီ” ဆိုတဲ့သီချင်းကို ပထမဆုံး ရေးစပ်ခဲ့ပြီး “မအလ” သီချင်းကိုတော့ နောက်ဆုံးရေးစပ်ခဲ့တာဖြစ်ပါတယ်။ ဘယ်နေရာသွားသွား ကိုကျော်နဲ့ အမြဲပါခဲ့တဲ့၊ သူမြတ်နိုးရတဲ့ သူ့ရဲ့ ဂစ်တာလေးဖြစ်ပြီး သူတောထဲရောက်တဲ့အချိန်မှာ ရန်ကုန်ကနေ ပြန်လည်မှာယူခဲ့ရတဲ့ထိ တန်ဖိုးထားရတဲ့ အမှတ်တရ ပိုင်ဆိုင်မှုလေးပဲဖြစ်ပါတယ်။

 

လက်မှတ်များကို အခုပဲဝယ်ယူလိုက်ပါ။

 

အရေးတော်ပုံအောင်ရမည်။

bottom of page